Pages

Pages

တောင်သာမြို့နယ်၊ သံဘိုကျေးရွာ ဒေသခံပြည်သူများအတွက် အခြေခံစားသောက်ကုန် ဆန်၊ဆီ၊ ကြက်ဉ၊ငါး အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး



MNP - စက်တင်ဘာ   ၈


တောင်သာမြို့နယ်၊ သံဘိုကျေးရွာ ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် တောင်သာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်များကို ပြင်ပပေါက်ဈေး ထက်ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချမှုကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က သံဘိုကျေးရွာ၊ဓမ္မာရုံ၌ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။


အဆိုပါ ရောင်းချနေမှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဟန်သူရနှင့် အဖွဲ့ဝင်များ၊ တောင်သာမြို့ဆီကုန်သည် ကြီးများအသင်းတို့မှ ကြီးကြပ်၍ ရောင်းချပေးလျက်ရှိပြီး တစ်အိမ်ထောင်လျှင် ဆန်(၂) ပြည်၊ကြက်ဉ (၁၀)လုံး၊ငါး(၅၀)သား တို့အား ကျေးရွာနေ အိမ်ထောင် စု((၃၂၇)စု တို့အား ရောင်းချခြင်းဖြစ်ကြောင်းနှင့် သံဘိုကျေးရွာအတွင်းရှိ ကျေးရွာနေပြည်သူများ လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။


ယင်းသို့ ရောင်းချရာတွင်  အိမ်ထောင်စု(၃၂၇)၊တစ်အိမ်ထောင်လျှင်  ဆန်(၁)ပြည်(၁၅၀၀)ကျပ်၊ စားအုန်းဆီ(၁)ပိဿာလျှင် (၅၅၀၀) ကျပ်၊ကြက်ဉ(၁)လုံး(၁၈၀)ကျပ်၊ငါး(၁)ပိဿာ (၄၀၀၀)ကျပ် နှုန်းဖြင့် ရောင်းချခြင်းဖြစ်ကြောင်းနှင့် အခြေခံစားသောက်ကုန်များကို ပြင်ပပေါက် ဈေးထက်ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခြင်းဖြစ်ကြောင်းနှင့်  နောက်ရက်များတွင်လည်း  ကျန်သည့်ကျေးရွာများသို့   ဆက်လက် ရောင်း ချပေးသွားမည်ဖြစ်ကြောင်း  တောင်သာမြို့  ဆီကုန်သည်ကြီးများအသင်းမှ ပြောကြားချက်အရ သိရသည်။


သတင်း - ကျော်မျိုးနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment