Pages

Pages

အမ်းမြို့နယ် မြတ်စွယ်တော် ဂေါပကအဖွဲ့၏ ပထမအကြိမ် ဩဝါဒခံယူပွဲ နှင့်တာဝန်လွှဲပြောင်း ပေးအပ်ပွဲကျင်းပ





MNP ၊ စက်တင်ဘာ ၃၀

ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့အမှတ်( ၃) ဈေးရပ်ကွက်  ဓမ္မရက္ခိတကုန်တော်ပေါ်ရှိ ဘုရားစေတီပုထိုးနှင့် သာသနိကအဆောက်အဦများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းတည်ထောင်ထားသော မြတ်စွယ်တော် ဂေါပကအဖွဲ့၏ ပထမအကြိမ် ဩဝါဒါစရိယဆရာတော်ဘုရားကြီးများထံမှ အဆုံးအမဩဝါခံယူပွဲနှင့်  မြတ်စွယ်တော်ဂေါပအဖွဲ့သို့ တာဝန်လွှဲ ပြောင်း ပေးအပ်ပွဲကို ယနေ့နံနက်  ၉ နာရီ၃၀အချိန်က အမှတ်( ၃)ဈေးရပ်ကွက်  ဓမ္မရက္ခိတကုန်တော်ပေါ်ရှိ  မြတ်စွယ်တော်ဓမ္မာရုံ၌ကျင်းပခဲ့သည်။

အခမ်းအနား ကိုနမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ကာ မြို့ဦးကျောင်းဆရာ တော် ဘဒ္ဒန္တ ပညာဓိက ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး၍ ဝဏ္ဏိတာရာမကျောင်းတိုက် ဆရာတော်ထံမှ ဩဝါဒခံယူယူကာ ဂေါပကဥက္ကဌ

ဦးထွန်းထွန်းသိန်းအား သီရိလင်္က ာနိုင်ငံမှ ပင့်ဆောင်ပူဇော်ထားသော မြတ်စွယ်တော်တိုက်သော့နှင့် ပစ္စည်းစာရင်းအပ်နှံကာရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအားလျှောက်ထားကာ ဗုဒ္ဓသာသနံ စိရံ တိဌတု( ၃)ကြိမ်ရွတ်ဆို ဆုတောင်း ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment