Pages

Pages

စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်း၌ အမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ





MNP ၊ စက်တင်ဘာ    ၂၂

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်း ၌ အမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ 

ထို့နောက် `အမှိုက်ခွဲခြားစွန့်ပစ်ရေး´ ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ဆက်လက်ကျင်းပရာ စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြဆရာ ဦးအေးကျော် က အမှိုက်စို၊ အမှိုက်ခြောက်များကို ခွဲခြားစွန့်ပစ်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့်အကြောင်းအရာများကို  ကျောင်းသား/ကျေင်းသူများ အသိပညာဗဟုသုတကြွယ်ဝစေရန်ပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment