Pages

Pages

နေပြည်တော်ကောင်စီမှ လယ်ဝေးမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်ရောင်းချပေး

 




MNP -  စက်တင်ဘာ ၁၃


နေပြည်တော်ကောင်စီမှ လယ်ဝေးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များမှ  အိမ်ထောင်စုများအား ယမန်နေ့နံနက်ပိုင်းက ဆန်များဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။


လယ်ဝေးမြို့ အမှတ်(၂)ရပ်ကွက်နှင့်အမှတ်(၄) ရပ်ကွက်အတွင်းရှိ ပြည်သူများအားအိမ် ထောင်စုတစ်စုလျှင် ဆန်တစ်ပြည်နှုန်း၊ ဆန်တစ်ပြည်ကို (၁၀၀၀) ကျပ်ဖြင့် ပြည်(၂၁၀) ရောင်းချပေးခဲ့ရာ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး၊ ကျန်ရပ်ကွက်များတွင်လည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment