Pages

Pages

ကျိုက်ထိုမြို့ အမှတ်(၂)အခြေခံပညာအထက်တန်း ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာပေစကားဝိုင်းပြုလုပ်






MNP ၊ စက်တင်ဘာ ၁၁ 

မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စာပေချစ် မြတ်နိုးသူများအသင်း(BookClub ) အဖွဲ့တို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး စာပေစကားဝိုင်းကိုစက်တင်ဘာ(၁၁) ရက် နံနက်(၁၀)နာရီက အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်သီသီဝင်းနှင့်စာပေချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်ဦးလှထွန်းတို့ကအမှာစကားပြောကြားပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းမှ သင်ကြားပေး သည့်  ပညာများရပ် အပြင် စာအုပ်၊စာပေ လေ့လာခြင်းအားဖြင့် အသိပညာများ ဖွံ့ဖြိုးလာ၍ အမှား၊ အမှန် ဝေဖန်ပိုင်းခြားလာနိုင်ပြီး ၊ မိမိပတ်ဝန်းကျင်အား အကျိုးပြုနိုင်မည့် လူငယ်များဖြစ်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဦးတင်ထွေး၊ ဒေါ်တင်ထားအေးနှင့် အထက-၂ မှ ကျောင်းသားမောင်ကောင်းရဲထွဋ်၊ ကျောင်းသူမမေသူအောင် တို့က ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာပေရေးရာအသိပညာများအား ဆွေးနွေးကြရာ တက်ရောက်လာကြသောကျောင်းသား/ ကျောင်းသူများက သိလိုသည်များကိုမေးမြန်းဆွေးနွေးရာ စာပေဝါသနာရှင်များမှ ပြန်လည်ဖြေကြားခဲ့ကြသည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး စာပေစကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ စာပေချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်များ၊ အထက-၂မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်းအင်အား(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment