မြို့နယ်အတွင်း အေးချမ်းသာယာရေး၊ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားရေးအတွက်‌ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြို့နယ်အတွင်း အေးချမ်းသာယာရေး၊ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားရေးအတွက်‌ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေး



MNP - စက်တင်ဘာ   ၁၁


ပဲခူးတိုင်းဒေသကြီး  ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်အတွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် မြို့နယ်ဌာနဆိုင်ရာ အဖွဲ့များမှ စက်တင်ဘာလ ၉ရက်နေ့ မွန်းလွဲ ၁ နာရီက  ရွာပုရွာသစ်ကျေးရွာသို့ကွင်းဆင်း၍ နည်းပညာပေးဆွေးနွေးပွဲနှင့်‌ တောင် သူများအတွက်အသုံးဝင်မည့် သဘာဝမြေဩဇာ ပြုလုပ်သုံး စွဲနည်းနှင့် အပင်ကိုင်းကူးကိုင်းဆက်စိုက်ပျိုးနည်း၊‌ နေဗီယာမြက်စိုက်ပျိုးနည်းများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများက နည်းပညာပေး သရုပ်ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူ‌မောင်က ဒေသခံ‌ကျေးရွာ ပြည်သူများနှင့်တွေ့ဆုံပွဲ၌ ဌာနဆိုင်များစုပေါင်း၍ ကျေးရွာများအ‌ရောက်ကွင်းဆင်း၍ နည်းပညာ ပေးသင်တန်းဆွေးနွေးပွဲများပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် မိမိတို့ရပ်ရွာလုံခြုံ‌ရေး၊‌ အေးချမ်းသာယာ‌ရေးနှင့်‌ ဒေသဖွံ့ဖြိုး‌ရေးအကြောင်းတို့ကို ဦးစွာရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူအသီးသီးမှ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသထုတ်ကုန်များ ထုတ်လုပ်မှုနှင့် ပညာရေး၊ကျန်းမာရေးနှင့် အခြားဌာနဆိုင်ရာများက မိမိတို့ဌာနမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့်ပက်သက်၍ အသိ ပညာပေး ဆွေးနွေးမှုများနှင့် လက်တွေ့သရုပ်ပြပေးခြင်းများကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများက  စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားခဲ့သည်။ ထို့‌နောက်စိုက်ပျိုး ရေးဦးစီးဌာနမှ တောင် သူများဓာတ်မြေဩဇာအစား သဘာဝ‌မြေသြဇာများပိုမိုသုံးစွဲရန်‌ ပြောကြားပြီးသဘာဝ‌ မြေဩဇာပြုလုပ်သုံးစွဲနည်းကို လက်‌တွေ့သရုပ်ပြ‌ဆောင်ရွက်‌ပေးခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နေဗီယာမြက်စိုက်ပျိုးနည်းနှင့် ဒေသကြက်များရောဂါကာကွယ် ရေးအတွက် ကြက်မျက်စဉ်းခပ်နည်းစနစ်များပြသခြင်း‌များကို တက်ရောက်လာသော ဒေသခံပြည်သူများအားလက်‌တွေ့ သရုပ်ပြနည်းပညာများ ဖြန့်ဝေဆောင်ရွက်ပေးခဲ့သည်။ အဆိုပါနည်းပညာပေးသင်တန်း ဆွေးနွေးပွဲများကို ပေါက်ခေါင်းမြို့နယ်တွင် တစ်လလျှင် ကျေးရွာ(၁၀)ရွာသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ ဌာနဆိုင်ရာများပူး‌ပေါင်း၍ ကျေးရွာပြည်သူများထံအရောက် ကွင်းဆင်း၍ နည်းပညာ‌ပေးဆွေးနွေးပွဲများကို ဆောင်ရွက်‌ပေးလျက်ရှိရာ ယနေ့အထိ ကျေးရွာ (၅၆)ရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)