Pages

Pages

မိုင်းရှူးမြို့နယ်တွင် ‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

 



MNP - စက်တင်ဘာ   ၂၁


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ခိုစုံ-ကောင်းဟတ်-ပြင်ဦး မြေသားလမ်းဖောက်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၁၁) နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ယင်း‌ဆောင်ရွက်ခြင်းလုပ်ငန်းသည် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအ‌နေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်(၆၈.၆၇၈)သန်းဖြင့် လမ်းအရှည် (၃.၂၁၈)ကီလိုမီတာ၊ အကျယ်(၉.၁၄)မီတာ၊ လမ်းတာချဲ့ခြင်း အကျယ်(၅.၄၉)မီတာ၊ ကျောက်ရောမြေ ထု(၁၀၀)မီလီမီတာရှိ ခိုစုံ-ကောင်းဟတ်-ပြင်ဦး မြေသားလမ်းဖောက်လုပ်ပြီးစီးမှုကို မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့်အဖွဲ့ဝင်များက ကွင်းဆင်းစစ်‌ဆေး ကြည့်ရှုခဲ့ကြောင်း သိရသည်။


သတင်း - သန်းလူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment