Pages

Pages

ကျောက်ကြီးမြို့နယ်၌ စစ်တောင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုအန္တရာယ်ကင်းဝေးစေရန် နေအိမ်တစ်လုံးဖျက်သိမ်းခဲ့ရ




MNP - စက်တင်ဘာ  ၂၈


ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မွေတွင်းကျေးရွာအုပ်စု လက်ပံခုန်ကျေးရွာရှိ နေအိမ်တစ်လုံးအား ယနေ့နံနက် ၇ နာရီခွဲအချိန်ခန့် က စစ်တောင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုအန္တရာယ်ကင်းဝေးစေရန် ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။


အဆိုပါဖျက်သိမ်းခဲ့ရသော အိမ်မှာ ၄ ပင် × ၃ ပင် သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာအိမ်ဖြစ်ပြီး အမျိုးသား ၄ ဦး အမျိုးသမီး ၂ ဦးနေထိုင်ကြသဖြင့် ကျေးရွာရပ်မိရပ်ဖများ အကူအညီဖြင့် နီးစပ်ရာ ဆွေမျိုးနေအိမ်သို့ ပြောင်းရွှေ့နေရာချပေးခဲ့ကာ ၎င်းတို့အတွက် လိုအပ်သောကူညီ စောင့်ရှောက်မှုများအား ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊  မြို့ရွာကာကွယ်ရေးနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေး အထောက်အကူပြုအဖွဲ့တို့မှ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment