ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗောဓိကုန်းကျေးရွာ‌ ကုန်ထုတ်လမ်း‌အချောသတ်ဆောင်ရွက်နေမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗောဓိကုန်းကျေးရွာ‌ ကုန်ထုတ်လမ်း‌အချောသတ်ဆောင်ရွက်နေမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး



MNP - စက်တင်ဘာ    ၁၄


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဗောဓိကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အချောသတ်ဆောင်ရွက်‌နေမှု လုပ်ငန်းအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဌေးဇော်နှင့်မြို့နယ်တည်‌ဆောက်ရေးကော်မတီအဖွဲ့ဝင်များက ယမန်‌နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နေသည့် ဗောဓိကုန်းကျေးရွာတွင် အရှည် ၁/၁.၅၄၅ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိသော ကျေးလက်ကုန်ထုတ်လမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေ ကျပ် ၇၇ ဒသမ ၄၂၅ သန်းဖြင့် တင်ဒါအောင်မြင်သည့်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်း‌ဆောင်ရွက်နေဆဲအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ပေါက်ခေါင်းမြို့နယ်ကျေးလက်ဦးစီးဌာန တာဝန်ရှိသူများမှလိုအပ်သည့် လုပ်ငန်းလမ်းညွှန်မှုများနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးတို့ကို ကွင်းဆင်းစစ်ဆေးမှာကြားခဲ့ကြောင်းသိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)