Pages

Pages

သရက်ချောင်းမြို့တွင် ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 



MNP - စက်တင်ဘာ   ၂၇


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းခြင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အဖွင့်အမှာစကားပြောကြားရာ၌ လုံခြုံရေးဆိုင်ရာကိစ္စများ၊ ကျန်းမာရေးဆိုင်ရာကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများ၊ မူဝါဒပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ဌာနဆိုင်ရာရုံးများ ရုံးတွင်း၊ ရုံးပြင်သန့်ရှင်းရေးများ ပြုလုပ်ကြရန်၊ အပတ်စဉ် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် လူထုအကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများအားလုံးအချင်းချင်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြား သည်။ ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့၏ ဌာနလုပ်ငန်းလုပ်ဆောင်ချက် အသီးသီးအား တင်ပြဆွေးနွေးကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက  ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများတို့က တက်ရောက်ခဲ့ကြောင်းသိရသည်။


သတင်း - နန်းခလိုက် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment