Pages

Pages

တိုက်ကြီးမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်



MNP - စက်တင်ဘာ   ၁၄


ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက  ပေးအပ်ခဲ့သည်။


ထိုသို့ပေးအပ်ရာတွင် တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့အတွင်းရှိ ဘုရင့်နောင်ရပ်ကွက်နှင့် အိုင်ကြီးကျေးရွာအုပ်စုများရှိ  အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား  လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင်ထောက်ပံ့ငွေ ဘိုးဘွားတစ်ဦးလျှင် ၃၀,၀၀၀/- ကျပ်အား သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ဘိုးဘွားများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - စန်းကလျာခိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment