MNP ၊ စက်တင်ဘာ ၂၆
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား/သူများ နှင့် ရိုးရိုးအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီအချိန် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း ခန်းမတွင် ပြု လုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးအောင်စံကျော် နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းက ကျောင်း အုပ် ဆရာမကြီး ဒေါ်တင်တင်အေးတို့မှ အမှာစကားပြောကြားခဲ့ပြီး ကညင်တန်းရပ်ကွက် အုပ်ချုပ်ရေးမှူးက ချီးကျူး စကားပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၂ ခုနှစ် ၊ တက္ကသိုလ်ဝင်တန်းတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဂုဏ်ထူး နှင့် ရိုးရိုး အောင်မြင် သော ကျောင်းသား၊ ကျောင်းသူများ ၊ ဂုဏ်ထူးရရှိကြောင်း သင်ကြားပြသပေးခဲ့ကြသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်မှတ် နှင့် ဆုတံဆိပ်များ အား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက အသီးသီး ချီးမြှင့်ပေးခဲ့ကြပြီးနောက် ကျောင်းသား၊ကျောင်းသူလေးများက မြန်မာကျောင်းသီချင်းဖြင့် သီဆိုခဲ့ကြပြီး အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဦးအောင်စံကျော် ၊ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း အုပ်ဆရာမကြီး ဒေါ်တင်တင်အေးနှင့် ဆရာ၊ ဆရာမများ ၊ကျောင်းသားမိဖများ ၊ကျောင်းသား၊ ကျောင်းသူများ တက် ရောက် ခဲ့ကြသည်။
အဆိုပါ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၂ ခုနှစ် ၊ တက္ကသိုလ်ဝင်တန်းတွင် ငါးဘာသာ ဂုဏ် ထူးရှင် နှစ်ဦး ၊လေးဘာသာ ဂုဏ်ထူးရှင် တစ်ဦး ၊ သုံးဘာသာဂုဏ်ထူးရှင် ငါး ဦး ၊ နှစ်ဘာသာဂုဏ်ထူးရှင် ငါးဦး ၊ တစ်ဘာ သာ ဂုဏ်ထူးရှင် တစ်ဆယ် ကိုးဦး ၊ ရိုးရိုးအောင်မြင်သူ ၂၈ ဦးရှိပြီး ယခင်စာသင်နှစ် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် လေး ဘာသာ ဂုဏ်ထူးရှင် တစ်ဦး နှင့် တစ်ဘာသာ ဂုဏ်ထူးရှင် တစ်ဦးတို့ကိုလည်း ယခုနှစ်တွင် ဆုများ အသီးသီးချီးမြှင့် ပေးခဲ့ခြင်း ဖြစ်ကြောင်း အမှတ်(၁) အခြေ ခံပညာအထက်တန်းကျောင်းမှ ကျောင်း အုပ် ဆရာမကြီး၏ ပြောကြား ချက် အရ သိရသည်။
အောင်ကျော်စိန်၊ သက်လွင်စိုး
https://t.me/MyanmarNationalPost



No comments:
Post a Comment