Pages

Pages

ကျောက်ဖြူမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားပြုလုပ်





MNP ၊ စက်တင်ဘာ  ၁၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ 

အခမ်းအနားတွင် ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလွှမ်းမိုးထက်က ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အား စက်တင်ဘာ(၁၆)ရက်နေ့တွင် ကျင်း ပရမည်ဖြစ်သော်လည်း နိုင်ငံတော်အကြီးအကဲတက်ရောက်မည့် နိုင်ငံတော်အဆင့် ပင်လယ် ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီအစည်းအဝေးနှင့် တိုက်ဆိုင်နေ သဖြင့် စက်တင်ဘာ(၁၉)ရက်နေ့သို့ ပြောင်းရွှေ့ကျင်းပရခြင်းဖြစ်ကြောင်း၊  ယခုလို ကမ္ဘာ့အိုဇုန်း လွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခြင်းအားဖြင့် ဆက်စပ်ဌာနအဖွဲ့ အစည်းများနှင့် သက်ရှိများအတွက်သာမက နောင်အနာဂတ်မျိုးဆက်များအတွက်ပါ အရေးပါ သည့် အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးများကို  ပူးပေါင်းပါဝင်လာမှုအားကောင်း လာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ 

ထို့နောက် ဦးစီးအရာရှိ ဒေါ်ထက်သစ္စာအောင်က အအေးပေးပစ္စည်းဆိုင်ရှင်များနှင့် Service လုပ်ငန်းရှင်များအား ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့နှင့် ပတ်သက်၍ အသိပညာပေး များဆွေးနွေးပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip ပြသခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အအေးပေးပစ္စည်းဆိုင်ရှင်များနှင့် Service လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။



တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment