Pages

Pages

မံစီမြို့နယ်၌ အသက် ၁၆ နှစ်အောက် ကျောင်းပေါင်းစုံ အပြေးအားကစားပြိုင်ပွဲကျင်းပ



MNP - စက်တင်ဘာ  ၂၀


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အားကစားကွင်း၌ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ကျောင်းပေါင်းစုံ အသက် ၁၆ နှစ်အောက် အပြေးအားကစားပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။   


အဆိုပါ အပြေးအားကစားပြိုင်ပွဲတွင် မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊  မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ မီတာ ၄၀၀ အပြေးပြိုင်ပွဲ၊ မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ၊ မီတာ ၃၀၀၀ အပြေး ပြိုင်ပွဲတို့ကို ကျား၊ မ ခွဲ၍ ယှဉ်ပြိုင်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူလူငယ်စုစုပေါင်း (၂၀၀)ဦး ပါဝင်ယဉ်ပြိုင်ခဲ့ကြကြောင်း၊ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူလူငယ်များအား ခရိုင်အဆင့် ပြိုင်ပွဲ၊ ပြည်နယ်အဆင့်ပြိုင်ပွဲများတွင် မြို့နယ်ကိုယ်စားပြု၍ ဆက်လက်ပါဝင်ယှဉ်ပြိုင် သွားရမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။                                        


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment