လပွတ္တာမြို့ ရပ်ကွက်များအတွင်းရှိ ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှုအား အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

လပွတ္တာမြို့ ရပ်ကွက်များအတွင်းရှိ ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှုအား အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်



MNP - စက်တင်ဘာ   ၁၅


အများပြည်သူ သွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ရပ်ကွက်များအတွင်း ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါလမ်းများ အရည်အ‌သွေး ပြည့်မှီမှု ရှိ/ မရှိအား အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးနိုင်ဦး၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဒေါ်လေးမြမြဦးနှင့် တာဝန်ရှိသူတို့က ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း ကွန်ကရစ်လမ်း (၇)လမ်းနှင့် ကျောက်ချောလမ်း(၁)လမ်းတို့အား အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားပြီးဖြစ်ရာ Stone Cobra ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိသည့် စိန်ရတုလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းအတိုင်းအတာ (၂၅၀x၃၀x၈)အား လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။


ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာက လမ်းခင်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် သတ်မှတ်စံချိန် စံညွှန်းများအတိုင်း ဆောင်ရွက်ထားရှိမှုတို့ကို တိုင်းတာပြသခြင်း၊ ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့‌ကြောင်းနှင့် လပွတ္တာမြို့နယ် စည်ပင်သာယာ‌ရေးအဖွဲ့အနေဖြင့် လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း ရပ်ကွက်များအတွင်းရှိ လမ်းများကောင်းမွန်ရေးအတွက် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် ကျောက်ချောလမ်း ခင်းပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)