Pages

Pages

ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များအခမဲ့ငှါးရမ်းလျက်ရှိ





MNP ၊ စက်တင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်းများ က စာကြည့်တိုက်သို့် မလာရောက်နိုင်သည့်ဝန်ထမ်းများ စာပေများအလွယ်တကူလေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်(၁၁)နာရီအချိန်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် မြို့ပေါ်ရှိဌာနဆိုင်ရာရုံးများသို့ သွားရောက်ကာ စာအုပ်စာစောင်များ အခမဲ့ငှါးရမ်းပေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်ဝန်ထမ်းများ စာပေကိုအလွယ် တကူလေ့လာ ဖတ်ရှုနိုင် ရန်အတွက် သုတ၊ ရသစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များနှင့် ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ ငှါးရမ်းပေးခြင်းကို အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိပြီး ဖတ်ရှုပြီးစာအုပ်များပြန်လည်သိမ်းဆည်းခြင်း၊ အသစ်ထပ်မံငှါးရမ်ပေးခြင်း များကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment