Pages

Pages

ပေါင်းတည်မြို့နယ်တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

 



MNP - စက်တင်ဘာ  ၁၁


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်း က ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့ယာယီရဲမှူး မြင့်ဇော်နိုင်နှင့် ပေါင်းတည်မြို့မရဲစခန်း ဒုရဲမှူးအောင်ဇော်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းသန်းချစ်နှင့် တာဝန်ရှိကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြပြီး ပေါင်းတည်မြို့မရဲစခန်း ဒုရဲမှူးအောင်ဇော်ထွန်းနှင့် တပ်ဖွဲ့ဝင် (၆)ဦး စုစုပေါင်း (၇)ဦးတို့က သွေးပေါင်ချိန်တိုင်းခြင်းနှင့် သွေးစစ်ခြင်းများပြုလုပ်ပြီး စုပေါင်းသွေးလှူဒါန်းခဲ့သည်။


သွေးလှူဒါန်းမှုကို မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မြင့်ဇော်နိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးဆင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment