Pages

Pages

ပေါင်မြို့နယ်အတွင်းရှိ တောင်သူများအား ယူရီယားဓာတ်မြေသြဇာများ ဈေးနှုန်းချိုသာစွာရောင်းချပေး






MNP ၊ စက်တင်ဘာ  ၁၉

မွန်ပြည်နယ် မော်လမြိုင်ခရိုင်ပေါင်မြို့နယ်အတွင်းရှိ တောင်သူများ စပါးသီးနှံစိုက်ပျိုးမှုနှင့် အခြားစိုက်ပျိုးရေးကဏ္ဍများ၌ အောင်မြင်ဖြစ်ထွန်းစေရန်   မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှထုတ်လုပ်သည့် ယူရီးယားဓာတ်မြေသြဇာကို ပြည်နယ်အစိုးရ၏လမ်းညွှန်မှုဖြင့် သြဂုတ်လဒုတိယအပတ်မှစတင်ကာ ရောင်းချပေးလျက်ရှိပြီး ယခုအခါ ဒုတိယအကြိမ် ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ဒေသခံတောင်သူများအနေဖြင့်   မိမိတို့၏ လယ်ယာမြေအတွက်  လိုအပ်သည့် ယူရီးယားဓာတ်မြေသြဇာများကို ဈေးနှုန်းချိုသာ စွာ  အချိန်ကိုက်  အချိုးကျ  ထည့်သွင်းနိုင်မှသာသီးနှံအထွက်နှုန်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ပေါင်မြို့နယ်တွင် မိုးစပါးစိုက်ဧက (၁၃၁၃၁၂)သောင်းကျော်ရှိရာ ယူရီယားဓာတ်မြေသြဇာအိတ်ကိုရရှိထားပြီးယနေ့နံနက်ပိုင်းတွင်မြို့နယ်အတွင်းရှိ ကျေးရွာ ( ၂၇ )ရွာမှ  တောင်သူများအား ယူရီးယားဓာတ်မြေသြဇာ  ၁၃၃၇ အိတ်ကို တစ်အိတ်လျှင် စက်ရုံဈေး၃၀၀၀၀ကျပ် +သယ်ယူစရိတ်ကားခနှင့်အလုပ်သမားတင်ချအား ဝယ်ယူသူမှကျခံသောစနစ်ဖြင့်ဈေးနှုန်းချိုသာစွာ ဖြန့်ဝေရောင်းချပေးခဲ့ကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment