အသက်(၅) နှစ်မှ (၉)နှစ်အတွင်းရှိ ကလေးငယ်များကို ဂျပန်ဦးနှောက်အမှေးရောင် ကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အသက်(၅) နှစ်မှ (၉)နှစ်အတွင်းရှိ ကလေးငယ်များကို ဂျပန်ဦးနှောက်အမှေးရောင် ကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်



MNP - စတင်ဘာ  ၁၇


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် ၅ နယ်မြေရှိ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၌ အသက် ၅ နှစ်မှ အသက် ၉နှစ်ရှိ ကျောင်းသားကျောင်းသူများအား ဦးနှောက် အမှေးရောင်ရောဂါ ကာကွယ်ဆေးကို ယမန်နေ့က ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဂျပန်ဦးနှောက်အမှေးရောင်ရောဂါ ကာကွယ်ဆေးထိုနှံရာသို့ ပုသိမ်မြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ ရပ်ကွက်တာဝန်ခံ ကျန်းမာရေးဆရာမ ဒေါ်သပြေညိုနှင့် ကျန်းမာရေး ဝန်ထမ်းများ ကျောင်းအုပ်ဆရာမကြီးနှင့် ရာအိမ်မှူးများက ကူညီဆောင်ရွက်ပေးကြသည်။ ကျန်းမာရေးဌာနမှ လမ်းညွန်ချက်အတိုင်း ကျန်းမာရေးမကောင်းခြင်း၊ အောက်စီဂျင်ကျခြင်းစသည့် ကလေးငယ်အချို့ကို ချန်လှပ်၍ ကျန်ရှိသည့် ကျောင်းသား/သူ(၁၀၈)ဦးအား ကာကွယ်ဆေး ထိုးနှံပေခဲ့ကြောင်း ဆရာမဒေါ်သပြေညိုထံမှ သိရသည်။


သတင်း - မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)