လားရှိုးမြို့တွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ထုတ်ပေးခြင်း အခမ်းအနားဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

လားရှိုးမြို့တွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ထုတ်ပေးခြင်း အခမ်းအနားဆောင်ရွက်

 



MNP - စက်တင်ဘာ   ၆


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးမှ လုပ်ငန်းခွင်ပြင်ပထိခိုက်သေဆုံးခဲ့သူ ဦးအောင်ဇော်မိုးနှင့် မကျန်းမာမှုအကျိုးခံစားခွင့် အကျုံးဝင်သူ ဦးဌေးလွင်တို့အား အကျိုးခံစားခွင့်ငွေထုတ်ပေးခြင်း အခမ်းအနား ပြုလုပ်ဆောင်ရွက်ခဲ့သည်။


အခမ်းအနားတွင် ရှမ်းပြည်နယ် လူမှုဖူလုံရေးအဖွဲ့ ပြည်နယ်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်းမှ လူမှုဖူလုံရေးသမိုင်းကြောင်းနှင့် ၂၀၁၂ခုနှစ် လူမှုဖူလုံရေး ဥပဒေပါ ခံစားခွင့်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးမှ အာမခံအလုပ်သမား ဦးအောင်ဇော်မိုး၏ အလုပ်ခွင် ပြင်ပထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုငွေကျပ်သိန်း(၉၀)ကို ၎င်း၏ ဖခင်ဖြစ်သူ ဦးလှမိုးအား လည်းကောင်း၊ အာမခံအလုပ်သမား ဦးဌေးလွင်၏ မကျန်းမာမှုအကျိုးခံစားခွင့် ငွေကျပ် (၁၁၅၂၀ဝိ/)ကို လည်းကောင်း ပေးအပ်ခဲ့သည်။


ထို့နောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ခရိုင်လျှပ်စစ် အင်ဂျင်နီယာ ဦးမျိုးကိုကိုကျော်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။


သတင်း - စိုင်းအောင်ကျော်စိုး

 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)