Pages

Pages

ကမ္ဘာ့ဆရာများ‌နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများ ကျင်းပပြုလုပ်



MNP - စက်တင်ဘာ   ၁၁


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ယမန်‌နေ့ နံနက် ၉ နာရီက  ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲ များ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် "အကျွန့်ဆရာ" ခေါင်းစဉ်ဖြင့် အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၀)ဦး၊ ကဗျာပြိုင်ပွဲတွင် "ဘဝလမ်းညွှန်ဆရာမွန်" ခေါင်းစဉ်ဖြင့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၈)ဦး၊ အခြေခံပညာ အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး စုစုပေါင်း (၃၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။


ပြိုင်ပွဲတွင် ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များက အနီးကပ်ကြီးကြပ်၍ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းနှင့်အညီ ကျင်းပခဲ့ပြီး ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်း ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - အေးမိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment