မြေပြင်လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်ရေး ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပြင်လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်ရေး ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး



MNP ၊ စက်တင်ဘာလ  ၂၂

တောင်ကုတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်း နှင့် မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စု(၂)ခုတွင်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့်စာရေးများပူးပေါင်း၍ အဖွဲ့များခွဲကာ မြို့ပေါ်(၄)ရပ်ကွက် နှင့်ကိုင်းရှည်ကျေးရွာအုပ်စု၊ ဝက်ကျိတ် ကျေးရွာအုပ်စုများရှိ အခြေခံလူ ဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက် ခဲ့ကြကြောင်း မြို့နယ်ရွေးကောက်ပွဲပွဲကော် မရှင်အဖွဲ့ခွဲ ရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်စိုး ထံမှသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)