Pages

Pages

ကျွန်းလှမြို့နယ်၌ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်



MNP - စက်တင်ဘာ   ၂၅


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒုတိယသုံးလပတ် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


ထိုသို့ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကျွန်းလှမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ဒုတိယသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)လများအတွက် တစ်လလျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် သက်ကြီးဘိုးဘွား (၂၁၀) ဦး၊ စုစုပေါင်းငွေကျပ် ၆၃၀၀၀၀၀ ကို ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - မျိုးဝင်းညို 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment