Pages

Pages

သန်မြန်သူ ခရီးသည်တင်ယာဉ်နှင့် ပုဂံမင်းသား ခရီးသည်တင်ယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွာပြီး သေဆုံးသူ (၁၃)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၂၃)ဦးရှိခဲ့ရာ အဆိုပါ သေဆုံး/ဒဏ်ရာရသူများအား ထောက်ပံ့ငွေပေးအပ်


MNP ၊ စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြိုနယ် တည်ပင်တဲကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာ ကျောက်ပန်းတောင်း - မိတ္ထီလာသွားကားလမ်း မိုင်တိုင်(၄၅/၁)အနီးတွင် စက်တင်ဘာ ၁၄ ရက် ည ၈ နာရီ ၁၅ မိနစ်က သန်မြန်သူ ခရီးသည်တင်ယာဉ်နှင့် ပုဂံမင်းသား ခရီးသည်တင်ယာဉ်တို ယာဉ်တိုက်မှုဖြစ်ပွာပြီး သေဆုံးသူ (၁၃)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၂၃)ဦးရှိခဲ့ရာ အဆိုပါ သေဆုံး/ဒဏ်ရာရသူများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲနှင့် ညောင်ဦးခရိုင်နှင့် ကျောက်ပန်းတောင်းမြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲတို့မှ ယနေ့ မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်လူနာများအား အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲကိုယ်စား တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးယဉ်ထွေးနှင့် တာဝန်ရှိသူများသည် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံသိုသွားရောက်၍ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ခဲ့သူများအား  ကြည့်ရှုအားပေးစကား ပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲမှ ထောက်ပံ့ငွေ တစ်ဦးလျှင် ငွေကျပ်(၁)သိန်း၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲမှ ထောက်ပံ့ငွေ တစ်ဦးလျှင် (၃)သောင်းကျပ်၊ ကျောက်ပန်းတောင်းမြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ စုပေါင်း၍ တစ်ဦးလျှင် (၅)သောင်းကျပ်စီတိုကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

ထိုသို့ထောက်ပံ့လှူဒါန်းရာတွင် သေဆုံးသူ(၁၃)ဦး၏ ကျန်ရစ်သူမိသားစုများနှင့် ဆေးရုံတက်ရောက် ကုသနေသူ (လွှပိုသူများအပါ) (၂၃)ဦးတိုအတွက် တစ်ဦးလျှင် ငွေကျပ် စုစုပေါင်း ၁၈၀၀၀၀ ဖြစ်ရာ စုစုပေါင်းထောက်ပံ့လှူဒါန်းငွေမှာ ငွေကျပ် ၆၄၈၀၀၀၀ ဖြစ်ကြောင်း သိရသည်။

ထောက်ပံ့လှူဒါန်းမှုအပြီးတွင် တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးယဉ်ထွေးသည် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး၊ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူးနှင့် မြိုနယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ခရိုင်/မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌများ၊ အဖွဲဝင်များနှင့်တွေ့ဆုံ၍ ဆေးရုံတက်လူနာများအတွက် ဆေးဝါးနှင့် နေထိုင်မှုကိစ္စအပါအဝင် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment