Pages

Pages

ကျောင်းကုန်းမြို့၌ ဆန်နှင့်စားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

 


MNP - စက်တင်ဘာ   ၁၃


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊‌ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အမှတ်(၁)ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ယနေ့နံနက် ၈ နာရီ အချိန်ခန့်က ဆန်နှင့်စားသုံးဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ‌သည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်တို့ ကြီးကြပ်လျက်ဆီ(၅၀)သားကို ငွေ(၃,၅၀၀)ကျပ်၊ ဆန်တစ်ပြည်ကို ငွေ(၁,၅၀၀)ကျပ် တို့ဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment