Pages

Pages

စဉ့်ကိုင်မြို့နယ်၌ သဘာဝရေပြင်ဖြစ်သော မင်းလှကန်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပ

 



MNP - စက်တင်ဘာ   ၁၀


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ကန်ကြီးကျေးရွာအတွင်းရှိ  သဘာဝရေပြင်ဖြစ်သော မင်းလှကန်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးအောင်သူ၊ စဉ့်ကိုင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လင်း၊ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသံချောင်းနှင့်  အဖွဲ့ဝင်များ၊  ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ စခန်းတာဝန်ခံ ဒေါ်ခိုင်ခိုင်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊   ကူမဲငါးလုပ်ငန်း စခန်းတာဝန်ခံဦးစောအောင်ကိုလတ်နှင့် ဝန်ထမ်းများက  ငါးမြစ်ချင်း သုံးသိန်း မင်းလှကန်အတွင်း  စိုထ်ထည့်ပေးခဲ့ကြသည်။ငါးမျိုးများစိုက်ထည့်ပေးခြင်းဖြင့် ပြည်သူများ ငါးစားသုံးမှုဖူလုံစေရေး၊  သဘာဝအတိုင်း ငါးမျိုးပေါက်ဖွားစေရန် ရည်ရွယ်ပြီး စိုက်ထည့်ပေးခြင်းဖြစ်ကြောင်း၊  မန္တလေးတိုင်းဒေသကြီးအနေဖြင့် ငါးမျိုးသိန်းနှစ်ရာ့လေးဆယ်လျာထားပြီး ယနေ့အထိ သိန်းခုနှစ်ဆယ်  ပတ်ဝန်းကျင် စိုက်ထည့်ပေးပြီးဖြစ်ရာ   ကူမဲငါးလုပ်ငန်းစခန်းအနေဖြင့် ယနေ့အထိ သိန်းလေးဆယ်ထိ  ငါးမျိုးများစိုက်ထည့်ပေးပြီး ဖြစ်ကြောင်း   စခန်းတာဝန်ခံဦးစောအောင်ကိုလတ်ထံက သိရသည်။


သတင်း - စန္ဒာအေးအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment