ဟင်္သာတခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့၏ ၁/၂၀၂၂ လုပ်ငန်း ညှိနှိုင်း အစည်းဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟင်္သာတခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့၏ ၁/၂၀၂၂ လုပ်ငန်း ညှိနှိုင်း အစည်းဝေးကျင်းပ




MNP - စက်တင်ဘာ   ၁၁


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့၏ ၁/၂၀၂၂ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၉ ရက်နေ့ ညနေက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။


အစည်းအဝေးတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဟင်္သာတခရိုင်အတွင်း မြို့နယ်များတွင် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကိုလိုက်နာပြီး ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံဆောင်ရွက်ရန်နှင့် ယာဉ်တိုက်မှုများ လျော့နည်းကျဆင်းစေရန်နှင့်ပပျောက်စေရန် အသိပညာပေးလုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရေး၊ အသိပညာပေးကာလတစ်ခုသတ်မှတ်ပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ကြုံ တွေ့ရသည့် အခက်အခဲ များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ရန် ပြောကြားပါသည်။


ဆက်လက်၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ပြည်သူလူထုအတွင်း အသိပညာပေးမည့် နည်းလမ်းများ၊ လုပ်ငန်းစဉ်များ၊ အစီအမံများကိုအောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း၊ မော်တော်ယာဉ်ကြောင့် ထိခိုက်မှု လျော့နည်းသည့် ကိစ္စရပ်များနှင့်ယာဉ်ကြောပိတ်ဆို့မှုကိစ္စရပ်များ၊ အများပြည်သူ အလွယ်တကူ သိရှိနိုင်ရေးအတွက် ကြော်ငြာဘုတ်ဆိုင်းဘုတ်များ၊ လမ်းညွှန်သတိပေးဆိုင်းဘုတ်များ၊ လက်ကမ်းကြော်ငြာများ ဆောင်ရွက်မည့်အစီအစဉ်များကို သက်ဆိုင်ရာ ဌာနများအလိုက် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ဟင်္သာတခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့မှ နိုင်ငံ့ဝန်ထမ်းများအား မော်တော်ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီးဦးထုတ်ဆောင်းရန်နှင့် လူ ၃ ဦး ထက်ပိုမစီးရန်၊ သတ်မှတ်စည်းကမ်းများကို မလိုက်နာပါက စံနမူနာပြအနေဖြင့် ဝန်ထမ်းများကို လည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်းများကို စက်တင်ဘာလ ၁၈ ရက်နောက်ပိုင်း တွင် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ဝန်ထမ်းများအား ကြိုတင်အသိပေးထားရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ထပ်ဆင့်မှာကြားပါသည်။ ဟင်္သာတခရိုင်အတွင်း ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ဟင်္သတ မြို့ပေါ်တွင် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိပြီး ခရိုင်အတွင်းရှိ လေးမျက် နှာမြို့နယ်၊ ဇလွန်မြို့နယ်များတွင်လည်း အသိပညာပေး လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ကိုဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)