Pages

Pages

ကျောက်ဆည်မြို့နယ်တွင် (၄၂၄၇၆၃)ဦး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးဖြစ်



MNP - စက်တင်ဘာ  ၁၂


မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉) နာရီခွဲက(၄၂၄၇၆၃)ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။


ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာ ရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ဝန်ထမ်းများ၊    မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းဝင်များ ပူးပေါင်း၍  ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် သတ်မှတ်အကြိမ်တွင် ပြည်သူများ လာရောက်ထိုးနှံရေး ဆော်ဩ ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ပထမအကြိမ်တွင် (၂၁၀၇၄၂)ဦး၊ ဒုတိယအကြိမ်တွင်(၁၈၇၃၂၄)ဦး၊ တတိ ယအကြိမ်တွင်(၂၄၇၆၂)ဦးနှင့် စတုတ္ထအကြိမ်တွင်(၁၉၃၅)ဦး စုစုပေါင်း(၄၂၄၇၆၃)ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment