ဇီးကုန်းမြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း(ထန်းတပင်)၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇီးကုန်းမြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း(ထန်းတပင်)၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြော



MNP - စက်တင်ဘာ   ၁၁


ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့  တို့ပူးပေါင်း၍ ထန်းတပင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟော ပြောပွဲ ကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလတ်နှင့်  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မြတ်ကေခိုင်တို့က အဖွင့်အမှာစကားများ အသီးသီး‌ပြော ကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦး၊ ဇီးကုန်းမြို့မရဲစခန်းမှ ဒုရဲအုပ်  သဲစုနှင့် ဒုရဲအုပ် အေးစန္ဒာတို့က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူကုန်ကူးပုံစံများအကြောင်း၊ လူကုန်ကူးခံရခြင်းကြောင့် ရရှိနိုင်သော ဆိုးကျိုးများ၊ လူကုန်ကူးခံနိုင်ရသူများ၊ လူတိုင်းသတိပြုရမည့်အချက်များ၊ မည်သူ မဆိုလူကုန် ကူးခံနိုင် ရကြောင်းများအား အသိပညာပေးရှင်းလင်းဟောပြောခဲ့သည်။


ထို့နောက်  ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်နှင့်စာအုပ်များအား စိတ်ဝင်တစား လေ့လာဖတ်ရှု ခဲ့ကြောင်း သိရသည်။


သတင်း - တင့်ဆွေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)