Pages

Pages

လေးမျက်နှာမြို့နယ် ချင်းလယ်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား စားသုံးကုန်စည်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

 



MNP - စက်တင်ဘာ   ၂၂


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ကုန်စည်ဈေးနှုန်းများ မြင့်တက်နေမှုကို ထိန်းချူပ်နိုင်ရေးအတွက် ပြင်ပပေါက်ဈေးထက်သက်သာသော နှုန်းထားများဖြင့် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာများပူးပေါင်းကာ ယနေ့နံနက်ပိုင်း၌ လေးမျက်နှာမြို့နယ် ချင်းလယ်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား စားသုံးကုန်စည်များ ဖြန့်ဖြူးရောင်းချပေးခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် အနောက်တောင်တိုင်းစစ်ဌာနချူပ်၏ လမ်းညွှန်မှုဖြင့် လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင်များဦးဆောင်၍ ဈေးရောင်း ဈေးဝယ်မှုများအား ကြည့်ရှုအားပေးကူညီခဲ့ပြီး ရောင်းချရာတွင် အိမ်ထောင်စုတစ်စုအတွက် ဆီတစ်ပိဿာလျှင် ကျပ် ၆၀၀၀/-နှုန်းဖြင့် အိမ်ထောင်စု (၁၉၈)စုအတွက် ရောင်းချပေးခဲ့ပြီး လေးမျက်နှာမြို့နယ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များကိုလည်း ဆီ ၅၀ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါစားသုံးကုန်စည်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ကျန်ရက်များ၌ မြို့နယ်အတွင်း ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကျော်ဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment