ကုန်ကျစရိတ်သက်သာသည့် သဘာဝသစ်စိမ်းမြေဩဇာပြုလုပ်သုံးစွဲမှု တွင်ကျယ်လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကုန်ကျစရိတ်သက်သာသည့် သဘာဝသစ်စိမ်းမြေဩဇာပြုလုပ်သုံးစွဲမှု တွင်ကျယ်လာ



MNP - စက်တင်ဘာ   ၁၈


စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြရာတွင် ဓါတ်မြေဩဇာဈေးကြီးမြှင့်လာကာ  ကုန်ကျစရိတ်များ ပိုမိုများပြားလာသောကြောင့် စိုက်ပျိုးရေးဦးစီးဌာ၏ နည်းပညာပံ့ပိုးမှုများနှင့်အညီ သဘာဝ သစ်စိမ်းမြေဩဇာများ လက်တွေ့ပြုလုပ်သုံးစွဲလာကြကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။


တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် အရေအသွေးပြည့်ဝသည့် သီးနှံများရရှိရေး၊  အထွက်နှုန်းပိုမိုရေး၊ ဓါတ်မြေဩဇာကဲ့သို့သော စိုက်ပျိုးရေးသွင်းအားစု စရိတ်များကို လျှော့ချသုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်ကို ပိုမိုသက်သာလာစေခြင်း  စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ရန် ယခုကဲ့သို့ တောင်သူနည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူထံမှသိရှိရသည်။


သစ်ရွက်စိမ်းမြေဩဇာတွင် မြေဆီလွှာ၏ဂုဏ်သတ္တိကို တိုးတက်စေပြီး အပင်များ၏အစိမ်းရောင် အစိတ်အပိုင်းများကို   မြေတွင်ပေါင်းစပ် ပေးခြင်းဖြစ်ကြောင်း၊   သစ်စိမ်းမြေဩဇာအဖြစ်အသုံးများသည့် အပင်များမှာ   ပဲလွမ်း၊  ပဲတီစိမ်း၊ ပဲပုပ်၊  ပဲကြီးစသည့် ပဲမျိုးနွယ်အပင်များ အာဖရိကညံ၊ ပိုက်ဆံလျှော်တို့ဖြစ်ပြီး အကောင်းဆုံးထယ် ထိုးနစ်မြုပ် ချိန်သည် အပင်ပိုင်းဆိုင်ရာ ကြီးထွားမှုအကောင်းဆုံးအချိန် (တစ်နည်းအားဖြင့်) ပန်းမပွင့်မီ အချိန်  သက်တမ်းအားဖြင့် (၄၀)မှ(၄၅)ရက်သားအချိန်ဖြစ်ကြောင်း၊ သစ်စိမ်းပင်များကို ထယ်ထိုးနစ်မြုပ်ပြီး (၁၀)ရက်မှ(၁၄)ရက်အကြာတွင် မိမိစိုက်ပျိုးလိုသည့်သီးနှံကို စိုက်ပျိုး နိုင်ကြောင်း၊ အကျိုးကျေးဇူးအနေဖြင့် ဓာတ်မြေဩဇာသုံးစွဲမှုကို လျှော့ချနိုင်ခြင်း၊  ပတ်ဝန်းကျင်ရှိ ရေနှင့်မြေဆီလွှာတို့တွင် ပါဝင်လျက်ရှိသည့် ဓာတုအဆိပ်များကို လျှော့ကျစေပြီး   မြေဆီလွှာ၏ချဉ်ငံဓာတ်များကို ထိန်ငြှိပေးနိုင်ခြင်း  စသည့်အကျိုးပြုမှုများ ရရှိနိုင်ကြောင်း သိရှိရသည်။


အောင်စိုးဖေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)