Pages

Pages

အခြေခံပြည်သူများအား ဆန်၊ ဆီနှင့် ကြက်ဥများ သန်လျင်၌ရောင်းချပေး



MNP - စက်တင်ဘာ   ၁၀


သန်လျင်မြို့နယ်အတွင်းရှိ ဝင်ငွေနည်းပါးကြသော အခြေခံပြည်သူများအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် အခြေခံစားကုန်များဖြစ်သော ဆန်၊ ဆီနှင့်ကြက်ဥများကို သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိသည်။


ယနေ့နေ့လယ်ပိုင်းတွင် သန်လျင်မြို့ မြို့မဈေးကြီး မြောက်ဖက် မြို့နယ်စည်ပင် သာယာရေး အဖွဲ့ရုံးအနီးတွင် အဆိုပါအခြေခံ စားကုန်များ ရောင်းချပေးရာ တစ်ဦးလျင် ဆန်တစ်ပြည်၊ ဆီငါးဆယ်သား၊ ကြက်ဥငါးလုံးစီ လာရောက်ရောင်းချပေးလျက်ရှိရာ ပြည်သူများ လက်ဝယ် အရောက် ဝယ်ယူရရှိနှိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment