Pages

Pages

ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး



MNP - စက်တင်ဘာ  ၁၉


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၉ နာရီ အချိန်မှစတင်ပြီး ညောင်ဦးမြို့ ရပ်ကွက်များအလိုက် ရောင်းချပေးနေကြောင်း သိရသည်။


ညောင်ဦးမြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဖက် တစ်လမ်းမှ အဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချ ပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားသုံးဆီငါးဆယ်သားကို ၂၆၀၀ ကျပ်နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ရေးညောင်ဦးမြို့နယ်မြေ (၅) ရှိ ဈေးတန်းကြီးမြောက်နှင့် ညောင်ဦး မြို့နယ် တောင်ဇင်းအုပ်စုဗျတ္တဈေးအနီးတို့တွင် Mobile ကားဖြင့် လိုက်လံရောင်းချလျက်ရှိကြောင်း သိရသည်။


အဆိုပါ Mobile ကားဖြင့် ရပ်ကွက်နေပြည်သူများ လက်ဝယ်အရောက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ စားအုန်းဆီပိဿာချိန် ၆၆၀၀ ပိသာရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment