Pages

Pages

လွိုင်လင်မြို့၌ (၂၅) ကုတင်ဆံ့တိုင်းရင်းဆေးရုံ ရာနှုန်းပြည့် တည်ဆောက်ပြီးစီး

 


MNP - စက်တင်ဘာ   ၃၀


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးသည့် (၂၅)ကုတင်ဆံ့ တိုင်းရင်းဆေးရုံ တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်း ပြည့်စီးရာ ခရိုင်တည်ဆောက်ရေးလုပ်ငန်းအရည်အသွေးစစ်ဆေးရေးကော်မတီ ဥက္ကဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီ ခွဲက နာရီက သွားရောက်ကွင်းဆင်း စစ်ဆေးကြသည်။


ထိုသို့စစ်ဆေးရာတွင် တိုင်းရင်းဆေးရုံ ဒုဆေးရုံအုပ်ကြီး ဒေါ်ဖြိုးဝေထွန်း၊ ဝင်းထက်မြန်မာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြရာ ခရိုင်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။


အဆိုပါ (၂၅)ကုတင်ဆံ့ တိုင်းရင်းဆေးရုံ(လွိုင်လင်) တည်ဆောက်ခြင်းလုပ်ငန်းကို ဝင်းထက် မြန်မာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး (၁၂၄ ပေ ၊ ၆၄ ပေ ၊ ၁၄ပေ )ရှိ တစ်ထပ် အာရ်စီ အမျိုးအစားဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment