လက်ပံတန်းမြို့၌ ကျေးရွာကိုယ့်အားကိုယ်ကိုးစာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လက်ပံတန်းမြို့၌ ကျေးရွာကိုယ့်အားကိုယ်ကိုးစာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်လှစ်



MNP - စက်တင်ဘာ  ၁၅


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ ကျေးနီရွာတွင် “လင်းရောင်ခြည်” ကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါ စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသက်စိုး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးမင်းထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က အဖွင့်အမှာစကားပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးမင်းထွန်းက စာကြည့်တိုက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြင့်မားရေးလုပ်ငန်းများကို ဆွေးနွေးပြောကြားပြီး သုတရသ စာအုပ်စာစောင်(၁၁၀)အုပ် ပေးအပ်လှူဒါန်းရာ စာကြည့်တိုက်ကော်မတီဝင် ကျေးနီရွာမြစိမ်းရောင်အသင်း ဥက္ကဋ္ဌဦးဇော်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


အဆိုပါစာကြည့်တိုက်မှာ ကျေးနီရွာမြစိမ်းရောင် အသင်းရန်ပုံငွေ အတိုးရငွေ ကျပ်သိန်း(၆၀)ဖြင့် ဆောက်လုပ်ထားသည့် အလျား ၄၀ ပေ၊ အနံ ၂၈ ပေ အမြင့် ၁၂ ပေ သွပ်မိုးအုပ်ညှပ် တစ်ထပ်အဆာက်အဦးဖြစ်ပြီး၊ စာကြည့်တိုက်ကို အပတ်စဉ်ဖွင့်လှစ်၍ ရပ်ရွာအခြေပြု ဘက်စုံသုံးဌာနအဖြစ်လည်းကောင်း၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ တစ်လလျှင်တစ်ကြိမ်မိုဘိုင်း စာငှားစနစ်ဖြင့်လည်းကောင်း ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း “လင်းရောင်ခြည်” စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)