သာယာဝတီမြို့နယ်တွင် မိုးစပါး (၅၁၇၄၂၆)ဧကစိုက်ပျိုးပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

သာယာဝတီမြို့နယ်တွင် မိုးစပါး (၅၁၇၄၂၆)ဧကစိုက်ပျိုးပြီးစီး



MNP - စက်တင်ဘာ   ၃၀


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ဆန်စပါး ဖူလုံပိုလျှံရေး၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ မိုးစပါး (၅၁၇၄၂၆) ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။


သိပ္ပံနည်းကျ ပျိုးထောင်စိုက်ပျိုးသွားမည်ဆိုပါက စပါးတစ်ဧကအတွက် မျိုးစေ့(၁၀)ပြည် အသုံးပြုရကြောင်းနှင့် ပျိုးသက်နုချိန် စပါးပျိုးသက် (၂၅)ရက်သားအရွယ်တွင် ပြောင်းရွေ့စိုက်ပျိုးရပြီး၊ စိုက်ပျိုးရာတွင် ခြောက်တန်းတစ်တန်းလှပ်စနစ်ဖြင့် ကောက်ကွက်တစ်ကွက်တွင် ပျိုးပင်(၂)ပင်မှ (၃)ပင်နှုန်း၊ တန်းကြား (၈)လက်မ၊ ပင်ကြား(၆)လက်မ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီး(၁၅)ရက်တွင် ရေတင်ခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းနှုတ်ခြင်း၊ ကောက်ကွက်ဖာခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ (၄၅)ရက် ရောက်ရှိပါက ဒုတိယအကြိမ် ရေတင်ခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းနှုတ်ခြင်းများ ဆောင်ရွက်ပြီး (၆၅)ရက် ရောက်ရှိသည့် စပါးနှံသန္ဓေကပ်ချိန်နှင့် ရက်ပေါင်း (၁၀၅)ရက် ရောက်ရှိချိန်တွင် မြေဩဇာကျွေးခြင်းများ ထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်း ရက်ပေါင်း(၁၃၅)ရက် ကျော်လွန်ပါက စပါးရိတ်သိမ်းခြင်းများ ဆောင်ရွက်ရကြောင်း သိရသည်။


သိပ္ပံနည်းကျစနစ်ဖြင့် စနစ်တကျစိုက်ပျိုးမည်ဆိုပါက အောင်မြင်သန့်ရှင်းသော မျိုးကောင်းမျိုးသန့်များ ရရှိခြင်း၊ အထွက်နှုန်း ကောင်းမွန်မှုသေချာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။


သတင်း- သန့်ဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)