Pages

Pages

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၂)ကျင်းပ




MNP ၊ စက်တင်ဘာ  ၁၆

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၄/၂၀၂၂)ကို ယမန်နေ့နေ့လယ် ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်အတွင်း ပြည်ထောင်စုအအဆင့်မှ လာရောက်ခဲ့သည်ခရီးစဉ်ဆိုင်ရာကိစ္စများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုအဆင့်နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးဘဏ္ဍာရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများဆိုင်ရာကိစ္စများ၊  တစ်လတာကာလအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုများ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေကိစ္စများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ဒေသတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ကဏ္ဍ များအလိုက်  ဆွေးနွေးပြောကြားကြပြီး  ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက (၃/၂၀၂၂) အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြောကြားကာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ ညွှန်ကြားချက်များအား ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများဖြစ်သည့် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ဟိုတယ် နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနတို့က မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပါဝါပွိုင့်ဖြင့်ရှင်းလင်း တင်ပြကြသည်။


တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်အကြံပြုဆွေးနွေးပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment