Pages

Pages

ပိုင်ကျုံမြို့ထန်းတပင်ကျေးရွာအုပ်စုရှိအသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

 



MNP - စက်တင်ဘာ  ၂၀


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာသန်စွမ်းပြီးအာဟာရပြည့်ဝစွာ နေထိုင်နိုင်ရန်ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့က ထန်းတပင်ကျေးရွာအုပ်စုအတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်ခြင်း လုပ်ငန်းကိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါထောက်ပံ့ငွေပေးအပ်ခြင်းလုပ်ငန်းတွင် သက်ဆိုင်ရာတာဝန်ရှိသူတို့က ထန်းတပင် ကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၂)ဦးတို့အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊  ဒုတိယ(၃)လပတ်အတွက် နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့်  စုစုပေါင်းငွေကျပ်(၃၆၀၀၀၀)ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ပိုင်ကျုံမြို့တွင် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုအတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်နှင့်အထက် အဘိုး(၁၃၈)ဦး၊ အဘွား(၂၂၁)ဦး စုစု ပေါင်း(၃၅၉)ဦးရှိရာ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၀၇၇၀၀၀၀)ကျပ်ကို တာဝန်ရှိသူများတို့က လက်ဝယ်အရောက် စနစ်တကျကွင်းဆင်း ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။


သတင်း -နော်ခူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment