သာပေါင်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၉)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများကို ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး(၆၅၀)ဦး ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာပေါင်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၉)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများကို ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး(၆၅၀)ဦး ထိုးနှံ

 




MNP - စက်တင်ဘာ   ၁၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၉)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှစတင်၍ ထိုးနှံပေးလျက်ရှိသည်။


မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဆရာမကြီး ဒေါ်တင်တင်ဝင်းနှင့် ကာကွယ်‌ဆေးထိုး ဆရာ၊ ဆရာမတို့က သက်ဆိုင်ရာ ဆေးထိုးနေရာ အခြေခံပညာကျောင်းများ၌ ဂျပန်ဦးနှောက်ရောင်ရောဂါအကြောင်း အသိပညာပေး ရှင်းလင်းပြောကြားကြရာ ဂျပန်ဦးနှောက်ရောင်ရောဂါသည် ခြင်မှတဆင့် ကူးစက်ပြန့်ပွားနိုင်ပြီး ဦးနှောက်တွင်း ရောဂါပိုးပျံ့နှံ့စေ‌သော ရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်တစ်ရှူးများ ရောင်ရမ်းပျက်စီးခြင်းကို ဖြစ်စေနိုင်ကြောင်း၊ ရောဂါကုသနိုင်တဲ့ ဆေးဝါးမရှိသေးဘဲ ပြင်းထန်တဲ့ကူးစက်မှုတွေမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်စေပြီး ထိရောက်စွာ ကုသမှုမရှိပါက အသက်ဆုံးရှုံးရတဲ့အထိ အန္တရာယ်ပေးနိုင်‌ကြောင်း၊ အသက်ဆုံးရှုံးမှုမရှိဘဲ ပြန်ကောင်းလာ‌သော လူနာများမှာလည်း တစ်ဝက်ခန့်က နားလေးခြင်း၊ မျက်စိကွယ်ခြင်း၊ ကိုယ်လက်မသန်စွမ်းခြင်း၊ ဉာဏ်ရည်နိမ့်ကျခြင်း၊ စိတ်မူမမှန်ခြင်း စတဲ့ နောက်ဆက်တွဲ ရောဂါများ ခံစားရနိုင်ကြောင်း၊ ရောဂါဖြစ်ပွား‌စေသော ဗိုင်းရပ်စ်ကို ဝက်၊ ငှက်၊ ခို၊ ဘဲ၊ လင်းနို့တို့တွင်တွေ့ရပြီး ၎င်းတို့ကိုကိုက်ခဲ့သော ခြင်မှတဆင့် လူနှင့်နို့တိုက်သတ္တဝါများထံ ပြန်ကူးစက်ခြင်းဖြစ်ကြောင်းနှင့် ကျေးလက်ဒေသတွေမှာ ပိုမိုအဖြစ်များပြီး လူကလူကို တိုက်ရိုက်ကူးစက်နိုင်မှု မရှိကြောင်း အသိပညာပေး ပြောကြားကြပြီး ကျောင်းသား၊ ကျောင်းသူ (၆၅၀)ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရှိဆေးထိုးနှံဦးရေ ပြည့်မှီအောင် ဆက်လက်ထိုးနှံ‌ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)