Pages

Pages

မြဝတီမြို့၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

 


MNP - စက်တင်ဘာ   ၁၅


ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉) နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ထိုးနှံပေးသည်။


ထိုသို့ ထိုးနှံရာတွင် ကိုဗစ်-၁၉ ရောဂါကွယ်ဆေး ပထမအကြိမ်အဖြစ် အသက် ၁၂ နှစ်အထက် ကျောင်းသား ၂၈ဦး၊ ကျောင်းသူ ၄၀ ဦးကို ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေး သည့်အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်း (Booster) တတိယအကြိမ်အဖြစ် ၁၂ နှစ် အထက် ကျောင်းသား(၂၃)ဦး၊ ကျောင်းသူ(၂၄)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၇) ဦးကိုလည်း ဆက်လက်ထိုးနှံပေးခဲ့သည်။


အဆိုပါ ကာကွယ်ဆေးများ မထိုးပေးမီ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး၍ ပုံမှန်အနေအထားရောက်ရှိမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စနစ်တကျထိုးနှံပေးပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကိုလည်း မိနစ် ၃၀ ခန့် အနားယူစောင့်ကြည့်ပြီးမှ ပြန်လည် ထွက်ခွာစေခဲ့ကြောင်း သိရသည်။

 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment