မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် မြန်မာစာနှင့် ပါဠိစာလုံးများ အသံထွက်ဖတ်ကြားနည်း သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် မြန်မာစာနှင့် ပါဠိစာလုံးများ အသံထွက်ဖတ်ကြားနည်း သင်တန်းဖွင့်လှစ်


MNP ၊ စက်တင်ဘာ ၁၆

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နေ့စဉ်ထုတ်လွှင့်လျက်ရှိသော ရုပ်သံလိုင်းများနှင့် ရေဒီယိုလိုင်းများတွင် အသံလွှင့်သူများ၊ သတင်းဖတ်ကြားသူများနှင့် အစီအစဉ် တင်ဆက်သူများကို မြန်မာစာ/မြန်မာစကား၊ ပါဠိစာလုံးများ အသံထွက်မှန်ကန်မှုနှင့် စကားလုံး အထားအသို အရေးအသား မှန်ကန်မှုရှိစေရန်အတွက် မြန်မာစာနှင့် ပါဠိစာလုံးများ အသံထွက်သင်တန်းကို ယမန်နေ့က နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Auditorium ခန်းမ၌ ဖွင့်လှစ်သည်။


အဆိုပါ သင်တန်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်မှုများအနက် သတင်းဖတ်ကြားမှုနှင့် အစီအစဉ် တင်ဆက်မှုတို့တွင် အသံအထား အသိုအနေအထား၊ အသံပြောင်းနှင့် အသံမပြောင်းသည့် စကားလုံးများ၊ ရေးတော့အမှန် ဖတ်တော့ အသံ၊ သရသံများ၊ အင်တာဗျူး အကြောင်းအရာများ၊ သတင်းဖတ်ကြားသူနှင့် အစီအစဉ်တင်ဆက်သူများ ဆောင်ရန်၊ ရှောင်ရန် အကြောင်းအရာများကို ပညာရှင်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် တာဝန်ထမ်းဆောင်ခဲ့သော ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း) ဒေါ်ဆန်းဆန်းဦးက သင်ကြားပို့ချ လေ့ကျင့်ပေးသွားမည်ဖြစ်သည်။


အဆိုပါ သင်တန်းသို့ ဝန်ထမ်း ၁၀၀ ကျော် တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)