မော်လမြိုင်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မော်လမြိုင်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

 



MNP -  စက်တက်ဘာ   ၁၃


မွန်ပြည်နယ်၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး ကော်မတီမှ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့်  ယမန်နေ့ နံနက်(၁၀)က အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို မော်လမြိုင်မြို့၊ ရွှေတောင်ရပ်၊ အိမ်တွင်းမှုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်တိုးတိုးချစ်က  မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ စီမံကိန်းအတွက် အမျိုးသားအဆင့်လုပ်ငန်း စီမံချက်ပါ လုပ်ငန်းတာဝန်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အန္တရာယ်ရှိသော အလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီအနေဖြင့် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်၏ ပထမ (၅) နှစ် စီမံချက် (၂၀၁၉ ခုနှစ်မှ ၂၀၂၃ခုနှစ်အထိ)တွင် အရည်အသွေးရှိသည့် လုပ်သားအင်အားရရှိစေရန် ကလေးသူငယ် လေ့ကျင့်ရေးသင်တန်းကျောင်းများသို့ ပို့ဆောင်ပြီး သင်တန်းဆင်းများကို သင့်တော်သော အလုပ်အကိုင်ရရှိစေရေး ဆောင်ရွက်ပေးခြင်း၊ အသေးစားနှင့် အလတ်စား လုပ်ငန်းဈေးကွက်များ မြှင့်တင်ခြင်း၊ ဒေသထွက်ကုန်များကို တန်ဖိုးမြှင့်ပစ္စည်း ထုတ်လုပ်နိုင်ရေး နည်းပညာ ထောက်ပံ့ပေးခြင်း၊ ဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်း၊ အလုပ်အကိုင် ပေးလိုသောဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ယူတတ်မြောက်သည့် ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အရည်အချင်းပြည့်ဝပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားရသော ကျွမ်းကျင်လုပ်သားများ ဖြစ်စေလို ကြောင်း ပြောကြားခဲ့သည်။


အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို ယမန်နေ့မှ အောက်တိုဘာ (၂၁)ရက်အထိ ရက်(၄၀)ကြာ ဖွင့်လှစ် သင်ကြား‌ပေးမည်ဖြစ်ပြီးသင်တန်းသူ (၁၅)ဦးတက်ရောက်လျက်ရှိကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)