တောင်သာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား(အမျိုးသား)ဌာနဆိုင်ရာပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်သာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား(အမျိုးသား)ဌာနဆိုင်ရာပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ




MNP - စက်တင်ဘာ  ၁၅


မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား(အမျိုးသား) ဌာနဆိုင်ရာပေါင်းစုံပို က်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက အဖွင့်အမှာစကားပြောကြားပြီးနောက် ဆက်လက်၍ ဆုရရှိသည့် အသင်းများအား ဆုချီးမြှင့်ရာတွင် တတိယဆုရရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းအသင်းအား  ကျေးလက်လမ်း ဦးစီးဌာနမှ ဦးထွန်းလင်းအောင်က ဆုချီးမြှင့်ခြင်း၊ ဒုတိယ ဆုရရှိသော မြို့နယ်ထွေ/အုပ်အသင်းအား  မြို့နယ် ရဲ တပ်ဖွဲ့မှူးရဲမှူးခင်မြင့်က ဆုချီးမြှင့်ခြင်း၊ ပထမဆုရရှိသော မြို့နယ်မီးသတ်အသင်းအား  မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးနေမျိုးသူက ဆုငွေနှင့် လည်ဆွဲချီးမြှင်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဟန်သူရက ဆုဖလားချီးမြှင့်ခဲ့ကြောင်းသိရသည်။


ယင်း ပိုက်ကျော်ခြင်းပြိုင်ပွဲကို စက်တင်ဘာလ(၇)ရက်နေ့မှစတင်၍ အသင်း(၁၁) ပတ်လည်ဖြင့် ယှဉ်ပြိုင်ကစားခြင်းဖြစ်ကြောင်းနှင့် ပထမဆုအားငွေကျပ် (၇)သောင်း၊ ဆုဖလားနှင့် လည်ဆွဲ၊ ဒုတိယဆုအား ငွေကျပ် (၅)သောင်းနှင့် လည်ဆွဲ၊ တတိယဆုအား (၃)သောင်းနှင့် လည်ဆွဲများပေးအပ်ခဲ့ကြောင်း   သိရသည်။


သတင်း - ကျော်မျိုးနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)