တိုင်းဒေသကြီးအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ (တတိယအကြိမ်) ညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တိုင်းဒေသကြီးအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ (တတိယအကြိမ်) ညှိနှိုင်းအစည်းအဝေးကျင်းပ




MNP - စက်တင်ဘာ   ၃၀


ဧရာဝတီတိုင်းဒေသကြီးအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ (တတိယ အကြိမ်) ညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ (၁)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က "နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီမှ ချမှတ်ပေးသော မူဝါဒ၊ မဟာဗျူဟာ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ကမ်းရိုးတန်းသယံဇာတများနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက် များ စုစည်းရန်၊ ကမ်းရိုးတန်းဒေသရှိ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်နှင့် သုတေသနစခန်းများ ထူထောင် ရန်နှင့် ဗဟိုကော်မတီနှင့် တိုင်းဒေသကြီး ကော်မတီတို့၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အလေးထား ဆောင်ရွက်ကြရန်" ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီအဖွဲ့ဝင် များဖြစ်သည့် သစ်တောဦးစီးဌာန၊ ကမ်း‌ခြေစောင့်တပ်ဖွဲ့ကိုယ်စားလှယ်၊ အဏ္ဏဝါသိပ္ပံဌာန၊ ဟိုတယ်နှင့် ခရီးသွား လာရေး ညွှန်ကြားမှုဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲ့ရေးနှင့် စာရင်းအင်းဦးစီး ဌာနတို့မှ တာဝန်ရှိသူများက ဗဟိုကော်မတီနှင့် တိုင်းဒေသကြီးကော်မတီတို့၏ အစည်းအဝေး ဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ရာ တင်ပြ ချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)