MNP ၊ စက်တင်ဘာ ၂၆
ရခိုင်ပြည်နယ်၊အမ်းခရိုင်၊အမ်းမြို့နယ်၌အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း ဦးဆောင် ၍ အခြေခံစား သောက်ကုန်နှင့်ဟင်း သီးဟင်းရွက်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချမှုနှင့်ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ်ပွားမှု မရှိစေရန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိ ပညာပေးခြင်းကို ယနေ့နံနက် ၇ နာရီ အချိန်ကအမ်းတပ်နယ်ဈေး အနီးလမ်းဆုံ၌ပြုလုပ်ခဲ့သည်။
ယင်းသို့ဆောင်ရွက်ရာတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ခရိုင်/မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့ဖြင့် အခြေခံစား သောက်ကုန်နှင့်ဟင်း သီးဟင်းရွက်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ လာရောက်ဈေးဝယ်သည့် ပြည်သူများ၊ သွားလာ လှုပ်ရှားနေကြသည့်မော်တော် ယာဉ်များ၊ ဆိုင်ကယ်များမှ ခရီးသွား ပြည်သူများအား ကိုဗစ်- ၁၉မျိုးရိုး ဗီဇပြောင်း အိုမီခရွန် မျိုးစိတ်သစ်BA-5 ကူး စက်ရောဂါ ကာကွယ်ထိန်ချုပ်နိုင်ရေး ကျန်းမာရေးဝန် ကြီးဌာန ၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာကြရန် နေအိမ်ပြင်ပသို့ ထွက်ခွာပါက ပါး စပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး အကြိမ်ပြည့်မပျက်မကွက် ထိုးနှံကြရန် စသည်တို့ကို အသိပညာပေး ပြောကြားပြီးနှာခေါင်းစည်း Mask များအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost



No comments:
Post a Comment