Pages

Pages

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၂) ကျင်းပ


MNP ၊ စက်တင်ဘာ ၂၇

သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်း သင်တန်းများတွင် မသန်စွမ်းသူများ တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးကြရန်နှင့် မသန်စွမ်းသူများအတွက် လိုအပ်သော ပံ့ပိုးမှုများပေးနိုင်ရေး ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေထည့်သွင်း လျာထားပေးကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ယနေ့ကျင်းပသည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၂) တွင် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လုပ်ငန်းစီမံချက် (Action Plan) များ ဆက်လက်ရေးဆွဲ ဆောင်ရွက်သွားကြရန်နှင့် မိမိတို့ဌာနအလိုက် လက်ရှိဆောင်ရွက်ဆဲ လုပ်ငန်းများ၊ ရေတို၊ ရေရှည် လုပ်ငန်းများကို ခွဲခြားပြီး စတင်ဆောင်ရွက်နိုင်သည့်လုပ်ငန်းများကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အရင်းမပျောက်မတည် ရန်ပုံငွေကျပ် (၃) ဘီလီယံကို အလေအလွင့် မရှိစေဘဲ စနစ်တကျ တိုးပွားစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုးပွားလာသည့် ရန်ပုံငွေကို မသန်စွမ်းသူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် မသန်စွမ်းသူများအတွက် ထိရောက် အကျိုးရှိစေမည့် လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအနေဖြင့် အသက်မွေးဝမ်းကြောင်းပညာများ သင်ယူတတ်မြောက်မှသာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် လုပ်ငန်းကော်မတီများအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment