Pages

Pages

ဘီးလင်းမြို့နယ်၌စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်






MNP ၊ စက်တင်ဘာ ၇

ဘီးလင်းမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့က်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနှင့် ပူး‌ပေါင်း၍ ယမန်နေ့က အမက( ၂) ကန်သာယာ ကျောင်း၌  အသိပညာပေးဟောပြောပွဲ၊စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲများကို  သွားရောက်ဆောင်ရွက် ခဲ့သည်။


အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘီးလင်းမြို့ နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံ က  လူကုန်ကူးမှု၏အဓိပ္ပါယ်နှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ပေါ်ပေါက်လာပုံ၊လူကုန်ကူးသူများအား အရေးယူ နိုင်သည့် ပြစ်ဒဏ်များကို ရှင်းလင်းဟောပြောခဲ့သည်။


ထို့နောက်  လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ် စာစောင်နှင့် ကလေးများအကြိုက် စာအုပ်၊စာစောင်များကို ခင်းကျင်း ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြသည်။ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများ စာဖတ်စွမ်းရည်မြင့်မားရေး အတွက် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲများ ကို ပြုလုပ်ပေး ခဲ့ကြောင်းသိရသည်။


ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment