Pages

Pages

သီပေါမြို့မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး

 



MNP - စက်တင်ဘာ  ၂၁


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့ နံနက်(၈)နာရီကစတင်၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


၂၀၂၂ခုနှစ်၊ စက်တင်ဘာလအတွက် ပင်စင်လစာငွေများကို စက်တင်ဘာ လ ၂၁ ရက်နေ့ မှ ၂၉ ရက်နေ့အထိနံနက် ၈ နာရီမှ မွန်းလွဲ၂နာရီအတွင်းဘဏ်ဖွင့်ရက်များတွင် ထုတ်ပေးခြင်းဖြစ်ကြောင်း၊  အဆိုပါရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက အောက်တိုဘာလ လဆန်းပိုင်းတွင် ထပ်မံထုတ်ပေး သွားမည်ဖြစ်ကြောင်းနှင့် သီပေါမြို့နယ်တွင် အငြိမ်းစားပင်စင်လစာငွေ ထုတ်ယူသူဦးရေ (၁၂၆၀)ဦး ရှိပြီး ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း  သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။


သတင်း - ခင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment