မော်လမြိုင်ကျွန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ဆန်တပြည်လျှင်(၁၅၀၀)ကျပ်ဖြင့် ဆင်းရဲနွမ်းပါး ပြည်သူများကို ရောင်းချပေးနေပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ဆန်တပြည်လျှင်(၁၅၀၀)ကျပ်ဖြင့် ဆင်းရဲနွမ်းပါး ပြည်သူများကို ရောင်းချပေးနေပြီ





MNP ၊ စက်တင်ဘာ  ၂

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့တွင် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ "စရိတ်မျှပေး ကူညီထောက်ပံ့ခြင်း"အစီအစဉ်ဖြင့် စက်တင်ဘာ(၂)ရက် နံနက်(၈)နာရီ အချိန်ခန့်ကဆန်တပြည်လျှင်(၁၅၀ဝိ)ကျပ်ဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ရောင်းချပေးနိုင်ရန် မော်လမြိုင်ကျွန်းမြို့နယ်ဆန်းစက်လုပ်ငန်းရှင်များအသင်းက ပြည်သူများဈေးနှုန်းသက် သာချောင်ချိစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် မြို့ပေါ်ရှိဆန်စက်ပေါင်း(၃ဝ) ကျော်မှလုပ်ငန်းရှင်များ စုပေါင်းဆွေးနွေးကာဆန်တစ်ပြည်လျှင်(၁၅၀ဝိ)ကျပ်ဈေးဖြင့် ရောင်းချပေးနိုင်ရန် ဆန်စက်တစ်စက်လျှင်ဆန်အိပ်(၁၀)အိပ်ခန့် ထည့်ဝင်ရောင်း ချပေးခြင်းကြောင့် ဆန်အိပ်ပေါင်း (၁၂၀၀)အိပ်ခန့်ရရှိပြီး ၎င်းဆန်များကိုမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ရွေ့ လျား စနစ်ဖြင့် ဆန်စက်လုပ်ငန်းရှင်များက ကိုယ်တိုင်ကိုယ်ကျ လိုက်လံရောင်းချပေးကြသည်။

ထိုသို့ရွေ့လျားစနစ်ဖြင့် ဆန်စက်လုပ်ငန်းရှင်များက ကိုယ်တိုင်ကိုယ်ကျလိုက်လံရောင်းချပေးခြင်းနှင့် ပတ်သက်၍ "ကျွန်တော်တို့မြို့နယ်ရှိ ပြည်သူများစားဝတ်နေရေးအတွက် အမှန်တကယ်အခက် အခဲရှိနေသော ရပ်ကွက်၊ ကျေးရွာများအတွင်း နေထိုင်ကြသော ပြည်သူများအား လူတစ်ဦးလျှင် ဆန်လေးပြည်နှုန်းရောင်းပေးပါတယ်၊ အိမ်တစ်မှာ လူဘယ်နှယောက်ရှိရှိ လူတစ်ဦးကို ဆန်လေးပြည်ရောင်းပေးပါတယ်၊ တချို့အိမ်ထောင်စုများဆိုရင် ဆန်လေးပြည်ဖိုးမရှိလို့ တစ်ပြည်ဖိုးပဲရှိလို့ ဆန်နှစ်ပြည်ဖိုးပဲရှိလို့ဆိုပြီး လာဝယ်ကြသူတွေကိုလည်း ရောင်းပေးပါတယ်၊ ပထမနေ့မှာ နွမ်းပါးတဲ့ပြည်သူအများဆုံးရှိတဲ့ (၁၃)ရပ်ကွက်အား ဆန်အိပ်ပေါင်း(၁၂၀)ရောင်းပေးခဲ့ပါတယ်၊ တခြားရပ်ကွက်များကိုလဲအလှည့်ကျရောင်းချပေးသွားမှာပါ၊ နောက် ကျေးရွာများဖြစ်သော ရေလိမ်ကျေးရွာ၊ ကျွန်းကလေးကျေးရွာ၊ အောင်လှိုင်ကျေးရွာ၊ ကွမ်းခြံချောင်းကျေးရွာ၊ ပုတ်တန်းကျေးရွာများကို လိုက်လံရောင်းချပေးသွားမှာပါ၊ ဆန်အိပ်ပေါင်း(၁၂၀၀)အိပ်ကို မြို့ပေါ်ရှိရပ်ကွက်များနှင့် ကျေးရွာငါးရွာကို နှစ်ပြန်လောက်ရောင်းပေးလို့ရပါတယ်၊ ကုန်အောင်ရောင်းပေးသွားမှာပါ၊ နောက်ဆုံးပြောချင်တာကတော့ အခုဆန်တစ်ပြည်ကို (၂၄၀ဝိ)ကျပ်မှ(၃၀၀၀)ကျပ်ဝန်းကျင် ရောင်းနေကြပါတယ်၊ အခုကျွန်တော်တို့ရပ်ကွက်တွေကို လမ်းတိုင်းအသိပေးရောင်းပြီ ဆန်တစ်ပြည်ကို(၁၅၀၀)ဈေးနဲ့ လိုက်လံရောင်းပေးနေတာကို အိမ်တိုင်းမဝယ်နိုင်ကြဘူး။ ဝယ်ချင်ပေပဲ့ ပိုက်ဆံမရှိလို့မဝယ်ကြတာ တွေ့ရပါတယ်"ဟု မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဦးဝင်းထွန်းကပြောသည်။         

 မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ စရိတ်မျှပေး ကူညီထောက်ပံ့ခြင်း အစီအစဉ်ဖြင့် ပြည်သူများထံသို့ဈေးနှုန်းသက်သာစွာ ဆန်များကိုရွေ့လျားစနစ်းဖြင့်ရောင်းနေခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌဦးသီဟဇော် က လာရောက်၍ လေ့လာကြည့်ရူပြီး ဆန်စက်လုပ်ငန်းရှင်များအား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။


ထွန်းထွန်းနိုင် (မော်ကျွန်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)