Pages

Pages

မော်လမြိုင်ကျွန်းမြို့နယ်တွင် အမှတ်(၅၃၄) ခြေမြန်တပ်ရင်းမှ တပ်ရင်းမိသားစုဝင်များက အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာရောင်းချပေး



MNP - စက်တင်ဘာ  ၂၆


အနောက်တောင်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် တွင် အမှတ် (၅၃၄) ခြေမြန်တပ်ရင်းမှ တပ်ရင်းမိသားစုဝင်များက မြို့နယ်နေပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များအား စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၃၀ အချိန်မှစတင်၍ ၁၀ နာရီအချိန်အထိ အမှတ် (၁၂) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရောင်းချပေးခဲ့သည်။


အဆိုပါ လုပ်ငန်းများအား နယ်မြေခံတပ်ရင်း၊ အမှတ် (၅၃၄) ခြေမြန်တပ်ရင်းမှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူး အေးမင်းဦး ဦးဆောင်သည့် တပ်ရင်းမိသားစုဝင်များက အခြေခံ စားသောက်ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ငရုတ်၊ ငါးခြောက်၊ တပ်မတော်ထုတ် နန်းမြိုင်ကော်ဖီ၊ အစရှိသည့်ကုန်ခြောက်ပစ္စည်းများ၊ တစ်ကိုယ်ရေသုံးဆပ်ပြာ နှင့် လက်သန့်ဆေး‌ရည်များ၊  ကြက်ဥများအား ပြင်ပပေါက်ဈေးထက် သက်သာ‌သော ဈေးနှုန်း များဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်‌နေပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်အောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment